သင့်လုပ်ငန်းရဲ့ တစ်နေ့တာ လည်ပတ်မှုအားလုံးကို Platform တစ်ခုတည်းမှာပဲ အချိတ်အဆက်မိမိ စီမံခန့်ခွဲလိုက်ပါ။ စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ အရောင်းဆိုင် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ် — Ezynk ရဲ့ ပြည့်စုံတဲ့ features များကြောင့် အသုံးပြုရတာ တကယ်ကို ရိုးရှင်းလွယ်ကူပါတယ်။
ရှုပ်ထွေးမှုမရှိဘဲ စွမ်းဆောင်ရည်ကောင်းတဲ့ Tools တွေကို သုံးချင်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက် အစအဆုံးဖန်တီးပေးထားပါသည်။
ရိုးရှင်းပြီး အလိုလျောက်နားလည်နိုင်သော interface ဖြင့် သင့်အဖွဲ့သားများ ပထမနေ့မှစ၍ လျှင်မြန်စွာ သင်ယူပြီး အတူတကွ စတင်လုပ်ဆောင်နိုင်ပါသည်။
မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို သင့်စီးပွားရေးကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Server ထိန်းသိမ်းစရာမလို၊ ရှုပ်ထွေးသော installation မလို။ Browser လေးဖွင့်လိုက်တာနဲ့ အလုပ်စလုပ်လို့ ရပါပြီ။
Spreadsheet ဇယားကွက်ဟောင်းကြီးတွေကို အပြီးတိုင် စွန့်လွှတ်လိုက်ပါ။ ဌာနတိုင်းမှာရှိတဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ တိတိကျကျနဲ့ ထိထိရောက်ရောက် ကြည့်ရှုပြီး ဌာနပေါင်းစုံကနေ အတူတူ အလုပ်လုပ်နိုင်မှာပါ။
ပစ္စည်းဝယ်ယူတာ၊ အသုံးစရိတ်တွေနဲ့ ငွေပေးချေမှုတွေအတွက် ခွင့်ပြုချက်တောင်းခံတဲ့ အဆင့်ဆင့်ကို စနစ်တကျ သတ်မှတ်ထားနိုင်ပါတယ်။ ဘယ်သူက အတည်ပြုရမယ်ဆိုတဲ့ အဆင့်တွေကို သတ်မှတ်ပေးထားနိုင်လို့ လုပ်ငန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး ထိန်းချုပ်နိုင်မှာပါ။
MMQR နဲ့ UPI Dynamic QR ကုဒ်တွေကတစ်ဆင့် ငွေပေးချေမှုတွေကို လက်ခံနိုင်ပြီး POS စနစ်နဲ့ အလိုအလျောက် စာရင်းတိုက်ဆိုင်ပေးမှာဖြစ်လို့ ငွေပေးချေမှုတိုင်း တိကျပြီး တစ်ကျပ်မကျန် စာရင်းကိုက်ညီနေမှာပါ။
ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက သင့်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ သင့်ရဲ့ အကူအညီတောင်းခံမှု (Ticket) တိုင်းကို အလေးထားပြီး ပြဿနာပြေလည်သွားတဲ့အထိ သေချာဂရုစိုက် ဖြေရှင်းပေးမှာပါ။
သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Tool တွေအားလုံးကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ စုစည်းပေးထားပါတယ်။ ဒါကြောင့် ဌာနတစ်ခုနဲ့တစ်ခုကြား အချက်အလက်တွေကို အလုပ်ရှုပ်ခံစရာမလိုဘဲ လွယ်လွယ်ကူကူ စီးဆင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အထူးထုတ်လုပ်ထားတဲ့ စွမ်းဆောင်ရည်မြင့် POS စနစ်ဖြစ်ပါတယ်။ ဆိုင်မှာစားတာ၊ Delivery ပို့တာ၊ ပါဆယ်ဝယ်တာနဲ့ လာဝယ်တဲ့ အရောင်းမှတ်တမ်းတွေကို အကုန်စီမံနိုင်တဲ့အပြင် MMQR နဲ့ UPI စနစ်တွေကတစ်ဆင့် ငွေပေးချေမှုကိုပါ အလိုအလျောက် စာရင်းတိုက်ဆိုင်ပေးမှာပါ။
ဖောက်သည်တွေ၊ ကုန်ပစ္စည်းသွင်းသူ (Supplier) တွေနဲ့ ဆက်ဆံရေးတိုင်းကို ရှင်းရှင်းလင်းလင်း စီမံခန့်ခွဲလိုက်ပါ။ စတင်ဆက်သွယ်ချိန်ကနေ (Invoice) ထွက်တဲ့အထိ ဆက်ဆံရေးတွေကို အချိတ်အဆက်မိမိ ထိန်းသိမ်းနိုင်သလို၊ ငွေဝင်ငွေထွက် စီးဆင်းမှုကိုလည်း အမြဲစောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
ရိုးရိုးစာရင်းမှတ်ရုံတင်မဟုတ်ဘဲ အဆင့်မြင့် စာရင်းကိုင်စနစ်ကိုပါ Ezynk က ဆောင်ရွက်ပေးထားပြီး ၊ခွင့်ပြုချက်အဆင့်ဆင့်တောင်းခံတဲ့စနစ်၊ အလိုအလျောက် စာရင်းတိုက်ဆိုင်တာနဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေကို အပြည့်အစုံထုတ်ပေးနိုင်လို့ သင့်လုပ်ငန်းအတွက် စာရင်းစစ်ဆေးဖို့အတွက် အမြဲအသင့်ရှိနေမှာဖြစ်ပါတယ်။
သင့်ဆိုင်မှာ ပစ္စည်းဘယ်လောက်ကျန်သေးလဲဆိုတာကို အချိန်နဲ့တပြေးညီ သိရှိနေမှာပါ။ ဘယ်ပစ္စည်းက ဘယ်လောက်ရှိတယ်၊ ဘယ်ဆိုင်မှာရှိတယ်၊ ဘယ်အချိန်မှာ ထပ်မှာရမယ်ဆိုတာကို အတိအကျသိရမှာဖြစ်လို့ ပစ္စည်းပြတ်သွားတာမျိုး ဒါမှမဟုတ် အပိုတွေအများကြီး စုပုံနေတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကုန်ကြမ်းကနေ ကုန်ချောထွက်လာသည်အထိ ထုတ်လုပ်မှုအဆင့်ဆင့်ကို အလွယ်တကူ စီမံခန့်ခွဲလိုက်ပါ။ ကုန်ကြမ်းပစ္စည်း ဘယ်လောက်ကုန်မလဲ သတ်မှတ်တာ၊ အော်ဒါတွေကို စီမံတာနဲ့ ထုတ်လုပ်မှုအတွင်း ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို အလွယ်တကူ စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။
စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ ဆိုင်ခွဲတွေအများကြီးရှိတဲ့ လက်လီအရောင်းဆိုင် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ် — Ezynk က သင့်လုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင်ပြေအောင် လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပေးထားပါသည်။
သင့်ဆိုင်ရဲ့ မီးဖိုချောင်ကနေ စားပွဲဝိုင်းအထိ စားသောက်ဆိုင်တစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲလိုက်ပါ။ ဆိုင်မှာစားတာ၊ Delivery ပို့တာနဲ့ ပါဆယ် (Pickup) အော်ဒါတွေကို Screen တစ်ခုတည်းကနေ အကုန်လုပ်လို့ရပါတယ်။
ပစ္စည်းဝယ်ယူတာ၊ ဂိုဒေါင်ထဲ ပစ္စည်းဖြည့်တာကနေ ဆိုင်မှာရောင်းတာနဲ့ ပစ္စည်းပြန်လဲ (Return) တာအထိ လက်လီလုပ်ငန်းတစ်ခုလုံးကို စနစ်တကျ စီမံလိုက်ပါ။ ဆိုင်ခွဲတွေ ဘယ်လောက်ပဲရှိရှိ တစ်နေရာတည်းကနေ အကုန်ထိန်းချုပ်နိုင်ပါတယ်။
ဈေးနှုန်းခန့်မှန်းချက် (Quotation) ပေးတာကနေ ငွေတောင်းခံလွှာ (Invoice) ထုတ်တာအထိ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို အလွယ်တကူ စီမံခန့်ခွဲလိုက်ပါ။ ပရောဂျက် (Project) အလိုက် အလုပ်ပြီးစီးမှုနဲ့ ဖောက်သည်တွေနဲ့ ဆက်ဆံရေးကိုလည်း စနစ်တကျ မှတ်သားထားနိုင်ပါတယ်။
ဘာကြောင့် လုပ်ငန်းပေါင်း ရာနဲ့ချီပြီးတော့ Ezynk ကို ရွေးချယ်အသုံးပြုနေကြတာလဲ ဆိုတာကို အခုပဲ လေ့လာကြည့်လိုက်ပါ။
အရောင်းမြှင့်တင်ပြီး ပြိုင်ဘက်တွေထက် အမြဲခြေတစ်လှမ်း သာနေပါစေ။ စားသောက်ဆိုင်၊ အရောင်းဆိုင် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်း — ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ဖြစ် ဒီနေ့ပဲ စတင်လိုက်ပါ။